Our Story

၁၉ နှစ်တိုင်တိုင်ထိန်းသိမ်းခဲ့သောလ္ဘက်ရည်သမိုင်း

Real Taste of Tea, Real Taste of Mandalay

ရိုးရှင်းစွာစတင်ခဲ့သော လ္ဘက်ရည်ဆိုင်လေးတစ်ခုမှသည် ယနေ့အောင်မြင်ကျော်ကြားသော ဆိုင်ခွဲ (၃) ခုအထိ… မန္တလေးမြို့သူ မြို့သားများ၏ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသော “ရွှေမန္တလေး” ဖြစ်တည်လာရသည့် ခရီးစဉ်

အချိန်ကာလများနှင့်အတူ ကျွန်ုပ်တို့၏ ခရီးစဉ်

ခိုင်မာသော ကတိကဝတ်၊ တိုးတက်ပြောင်းလဲမှုများနှင့်အတူ လျှောက်လှမ်းခဲ့သည့် အမှတ်တရ မှတ်တိုင်များ
၂၀၀၇
အစပျိုးခြင်း

မကွေးတိုင်းဒေသကြီးရှိ ရေနံမြေအနီးတွင် ဦးဇော်မျိုးအောင် နှင့် ဦးလှိုင်မင်းအောင် တို့ ညီအစ်ကိုနှစ်ဦးသည် ဝန်ထမ်း (၃) ဦး ဖြင့် ကုန်စုံဆိုင်လေးမှ ခရီးစဉ်အစပြုခဲ့သည်။

၂၀၀၉
ပထမဆုံး ရွှေမန္တလေးကဖေးဆိုင်

“ရွှေမန္တလေးပထမဆုံးဆိုင်ခွဲကို အောက်တိုဘာလ (၆) ရက်၊ ၂၀၀၉ ခုနှစ်တွင် မန္တလေးမြို့၊ စက်မှုဇုန် (၁)၊ ၆၂ လမ်း နှင့် စံပြလမ်း ထောင့်၌ ဝန်ထမ်း (၁၅) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။”

၂၀၁၆
ကုမ္ပဏီအဖြစ် တရားဝင်တည်ထောင်ခြင်း

“လုပ်ငန်းတိုးတက်လာသည်နှင့်အမျှ “Shwe Mandalay First Generation Co., Ltd” ကို တည်ထောင်ကာ ကော်ပိုရိတ်စနစ် ဖြင့် သမိုင်းစာမျက်နှာသစ်ကိုဖွင့်လှစ်ခဲ့သည်။ ”

၂၀၁၈
ဒုတိယမြောက် ရွှေမန္တလေးဆိုင်ခွဲ

“ရွှေမန္တလေးဒုတိယမြောက်ဆိုင်ခွဲကို သြဂုတ်လ (၁၈) ရက်၊ ၂၀၁၈ ခုနှစ်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း နှင့် ပျူစောထီးလမ်းထောင့်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ”

၂၀၂၁
Shwe Mandalay Tea Palace Opening

“တတိယမြောက်ဆိုင်ခွဲဖြစ်သော Shwe Mandalay Tea Palace ကို အောက်တိုဘာလ (၆) ရက်၊ ၂၀၂၁ ခုနှစ် တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၅ လမ်း နှင့် ၃၂ လမ်းထောင့်၌ ကြီးကျယ်အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။ ”

၂၀၂၅
ကော်ပိုရိတ်စနစ်သို့ အပြည့်အဝကူးပြောင်းခြင်း

“၂၀၂၅ ခုနှစ်တွင် ရန်ကုန်ရုံးချုပ်ကို စတင်ဖွင့်လှစ်မှုနှင့်အတူ ပိုမိုစနစ်ကျသော ကော်ပိုရိတ်လုပ်ငန်းစုကြီးဆီသို့ ခြေလှမ်းသစ် စတင် ခဲ့သည်။ ”

ဦးဆောင်ညွှန်ကြားသူများ

ဦးလှိုင်မင်းအောင်

Managing Director & Co-Founder

“ဦးလှိုင်မင်းအောင်၏ Operational Scaling ကျွမ်းကျင်မှုများသည် ကုမ္ပဏီ၏အခက်အခဲဆုံးကာလအတွင်း လက်တွေ့အတွေ့ အကြုံ များမှတဆင့် ပုံဖော်တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစတင်၍ မကွေးမြို့တွင် အစ်ကိုဖြစ်သူနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ပြီး ဝန်ထမ်းသုံးဦးရှိသည့် လုပ်ငန်းငယ်တစ်ခု၏ ထောက်ပံ့ပို့ဆောင်ရေး နှင့် လုပ်ငန်းလည်ပတ်မှုများကို ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထိုကာလသည် အရင်းအမြစ် များ ရရှိနိုင်မှုလည်းအကန့်အသတ်ရှိပြီး၊ လုပ်ငန်းလည်ပတ်နိုင်ရန်ခက်ခဲစွာကြိုးစားရသည့် ကာလဖြစ်သည်။ ထိုအတွေ့အကြုံများမှတစ်ဆင့် လုပ်ငန်း၏ ကဏ္ဍအသီးသီးကို ကိုယ်တိုင်လက်တွေ့နက်နက်ရှိုင်းရှိုင်းနားလည်သဘောပေါက်လာ ခဲ့ပြီး၊ Supply Chain Management အထိ လုပ်ငန်းလည်ပတ်မှု၏အစိတ်အပိုင်းတိုင်းကို နားလည်ကျွမ်းကျင်လာခဲ့သည်။”

လက်ရှိ သူ၏မျှော်မှန်းချက်

“အစောပိုင်းကာလများအတွင်း ရရှိတည်ဆောင်ခဲ့သည့် ဇွဲလုံ့လနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို အခြေခံ၍ ယခုအခါ Shwe Mandalay Brand ၏ Operational Expansion ကို ဦးဆောင်တာဝန်ယူလျက်ရှိသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဖွင့်လှစ်လာသည့် ဆိုင်ခွဲများကို စီမံခန့်ခွဲခြင်းနှင့်အတူ ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သော ပထမဆုံးဆိုင်ခွဲတွင် ရရှိခဲ့သော အရည်အသွေး နှင့် တူညီသော “Real Taste of Mandalay” ကို နောက်ထပ်ဖွင့်လှစ် သည့် ဆိုင်ခွဲတိုင်းတွင်တစ်သမတ်တည်း ထိန်းသိမ်းပေးနိုင်ရန် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ”

ဦးဇော်မျိုးအောင်

Senior Executive Director & Co-Founder

“ဦးဇော်မျိုးအောင်သည် မတူညီသောလုပ်ငန်းကဏ္ဍများစွာပါဝင်သည့် ကော်ပိုရိတ်လုပ်ငန်းတစ်ခုကို တည်ဆောက်ရန်မျှော်မှန်း ချက်မထားမီ၊ ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အထိ မိမိ၏လုပ်ငန်းအခြေခံအုတ်မြစ်ကို အစမှစတင်၍ တည်ဆောက်ခဲ့သည်။
ထိုကာလအတွင်း မကွေးမြို့ရှိ ရေနံတူးဖော်ရေးလုပ်ငန်းခွင်များအနီးတွင် ရပ်ကွက်ကုန်စုံဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင် ခဲ့ပြီး ဝန်ထမ်းသုံးဦးသာရှိသည့် လုပ်ငန်းငယ်တစ်ခု၏ နေ့စဉ် လုပ်ငန်း ဆောင်တာများနှင့် စိန်ခေါ်မှုများကို ကိုယ်တိုင်ဖွင့်လှစ်ခဲ့သည်။
ထို အစောပိုင်းနှစ်များအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ငန်းခဲ့ရသည့် အတွေ့အကြုံများနှင့် မတည်ငြိမ်သော စက်မှုလုပ်ငန်း ပတ်ဝန်းကျင်ကို ဖြတ်သန်းရင်း၊ အခြေအနေအလိုက်လျင် မြန်စွာပြောင်းလဲ လိုက်လျောညီထွေ လုပ်ဆောင်နိုင်ခြင်း၏ အရေးပါမှု နှင့် ရှေ့ဆက်ရရှိလာမည့် အခွင့်အလမ်းများကို အမြဲတမ်းရှာဖွေဖော်ထုတ်သင့်ကြောင်းကို နက်နက်ရှိုင်းရှိုင်းသဘောပေါက် နားလည်လာခဲ့သည်။ ”

လက်ရှိ သူ၏မျှော်မှန်းချက်

“သက်ကယ်မိုးဆိုင်လေးတစ်ဆိုင်အဖြစ်စတင်ခဲ့သည့် လုပ်ငန်းလေးတစ်ခုမှ ယနေ့အချိန်တွင် အောင်မြင်တိုးတက်သည့် လ္ဘက်ရည်ဆိုင်ခွဲများအဖြစ် ပြောင်းလဲလာပုံကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီးနောက်၊ ယခုအခါ Strategic Innovation နှင့် New Business Development တို့ကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။
ဦးဇော်မျိုးအောင်သည် လုပ်ငန်းအုပ်စုအား စီးပွားရေးနယ်ပယ်အသစ်များသို့ တိုးချဲ့နိုင်ရန်ဦးဆောင်လမ်းညွှန်ပေးလျက်ရှိပြီး၊ Shwe Mandalay အနေဖြင့် ခေတ်မီစားသုံးသူများ၏ လိုအပ်ချက်များနှင့်အညီ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရန် အလေး ထားဆောင်ရွက်သည်။ တစ်ချိန်တည်းတွင် Shwe Mandalay ၏ မူလယဉ်ကျေးမှုအမွေအနှစ် နှင့် အစဉ်အလာများကိုလည်း ထိန်းသိမ်းထားနိုင်ရန် အာရုံစိုက်လျက်ရှိသည်။”

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်တိုင်းကို လမ်းညွှန်ပေးသည့် မူဝါဒများ
ကျွန်ုပ်တို့၏ရည်မှန်းချက်

“Shwe Mandalay ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အရည်အသွေး၊ ရိုးရာအစဉ်အလာ၊ ဆန်းသစ်တီထွင်မှု နှင့် ဦးဆောင်မှု တို့ကို အဓိကထား၍ အောက်ပါအခြေခံမဏ္ဏိုင်လေးရပ်ဖြင့် လုပ်ငန်း၏ အရည်အသွေးနှင့် တန်ဖိုးများကို အစဉ်မပြတ်ထိန်းသိမ်း မြှင့်တင်သွားရန် ရည်မှန်းထားသည်။

၁။ ထုတ်ကုန်အရည်အသွေးထူးချွန်မှု
ကျွန်ုပ်တို့၏ စားသောက်ကုန်ပစ္စည်းများသည် အရသာကောင်းမွန်ခြင်း၊ သန့်ရှင်းလက်ဆက်ခြင်း၊ အာဟာရပြည့်ဝခြင်း နှင့် ဘေးကင်းစိတ်ချရခြင်းတို့ကို အစဉ်အမြဲပြည့်မီစေရန် အလေးထားဆောင်ရွက်မည်။
၂။ ယဉ်ကျေးမှု နှင့် ဆန်းသစ်တီထွင်မှု
ခေတ်မီစားသုံးသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ထုတ်ကုန်များကို ဖန်တီးထုတ်လုပ်သွားမည်ဖြစ်ပြီး၊ တစ်ချိန်တည်း တွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မပျက်မကွက်ထိန်းသိမ်းသွားမည်။
၃။ နိုင်ငံအတွက် အကျိုးပြုမှု
ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများနှင့် အောင်မြင်မှုများမှတဆင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ပိုမိုမြင့်မားလာစေရန် အထောက်အကူပြုသွားမည်။
၄။ လုပ်ငန်းနယ်ပယ်အတွင်း ဦးဆောင်မှု
လုပ်ငန်းနယ်ပယ်အတွင်း စံသတ်မှတ်ချက်တစ်ရပ်အဖြစ်ရပ်တည်နိုင်ပြီး အခြားလုပ်ငန်းများအတွက် စံနမူနာကောင်းတစ်ရပ် ဖြစ်လာစေရန် မြင့်မားသော စံနှုန်းများဖြင့် လုပ်ငန်းကို စီမံဆောင်ရွက်သွားမည်။ ”

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

“Shwe Mandalay ၏ မျှော်မှန်းချက်မှာ စားသောက်ကုန်လုပ်ငန်းနယ်ပယ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိပ်တန်းနေရာမှ ဦးဆောင်သည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ပြီး အရည်အသွေးကောင်းမွန်မှုကို အစဉ်မပြတ်ထိန်းသိမ်းမြှင့်တင်သွားရန် ဖြစ်သည်။ ထိုမျှော်မှန်းချက်များကို အောက်ပါ အချက်များဖြင့် အကောင်အထည်ဖော်သွားမည် —

၁။ ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်ခြင်း
မြန်မာနိုင်ငံ၏အရည်အသွေးမြင့် စားသောက်ကုန်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်နှင့် ရရှိထားသည့် ယုံကြည်မှု နှင့် ဂုဏ် သတင်းကို အစဉ်မပြတ်ထိန်းသိမ်းမြှင့်တင်သွားမည်။
၂။ ဖောက်သည်များ၏ ပထမဦးစားပေးရွေးချယ်မှုဖြစ်လာခြင်း
တစ်နိုင်ငံလုံးရှိ ဖောက်သည်များအနေဖြင့် အစားအသောက်နှင့်ပတ်သက်၍ ရွေးချယ်ရာတွင် အမြဲယုံကြည်စိတ်ချစွာ ဦးစားပေး ရွေးချယ်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်လာရန် ရည်မှန်းသည်။
၃။ အရည်အသွေးကို အစဉ်အမြဲထိန်းသိမ်းခြင်း
သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို အစဉ်မပြတ်ထုတ်လုပ်ဝန်ဆောင်ပေးခြင်းဖြင့် Shwe Mandalay ၏ အရည်အသွေးကို ခိုင်မာစွာထိန်းသိမ်းသွားမည်။”