Our Story •
Real Taste of Tea, Real Taste of Mandalay
အချိန်ကာလများနှင့်အတူ ကျွန်ုပ်တို့၏ ခရီးစဉ်
ဦးဆောင်ညွှန်ကြားသူများ
ဦးလှိုင်မင်းအောင်
Managing Director & Co-Founder
ဦးလှိုင်မင်းအောင်၏ Operational Scaling ကျွမ်းကျင်မှုများသည် ၂၀၀၇ ခုနှစ်တွင် မကွေးမြို့ရှိ ဝန်ထမ်း (၃) ဦးတည်းပါဝင်သော ရပ်ကွက်အဖျော်ယမကာနှင့် စားသောက်ဆိုင်ငယ်လေးမှစ၍ အစ်ကိုဖြစ်သူနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လက်တွဲလုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ အရင်းအမြစ်နည်းပါးသည့် ထိုအခက်အခဲဆုံးကာလများကို ဖြတ်သန်းခဲ့ရသဖြင့် ဖောက်သည်ဝန်ဆောင်မှုမှသည် Supply Chain Management အထိ လုပ်ငန်းလည်ပတ်မှု၏ အစိတ်အပိုင်းတိုင်းကို အသေးစိတ်နားလည်ကျွမ်းကျင်လာခဲ့ပါသည်။
လက်ရှိ သူ၏မျှော်မှန်းချက်
စိန်ခေါ်မှုများပြည့်နှက်ခဲ့သော အစောပိုင်းအတွေ့အကြုံများမှ ရရှိခဲ့သည့် ဇွဲလုံ့လနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ဖြင့် ယခုအခါ Shwe Mandalay Brand ၏ တစ်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုတိုးချဲ့ရေး (Operational Expansion) ကို ဦးဆောင်လျက်ရှိသည်။ ၂၀၀၉ ခုနှစ် မူလဆိုင်ခွဲ၏ အရည်အသွေးအတိုင်း “Real Taste of Tea, Real Taste of Mandalay” ကို ဆိုင်ခွဲတိုင်းတွင် တစ်သမတ်တည်းရရှိစေရေးနှင့် စနစ်တကျစီမံခန့်ခွဲရေးကို အဓိကဦးတည်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ဦးဇော်မျိုးအောင်
Senior Executive Director & Co-Founder
ဦးဇော်မျိုးအောင်၏ အောင်မြင်သော ကော်ပိုရိတ်လုပ်ငန်းကြီးတစ်ခုထူထောင်ရေးမျှော်မှန်းချက်သည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း မကွေးမြို့ရေနံတူးဖော်ရေး လုပ်ငန်းခွင်အနီး၊ ဝန်ထမ်း (၃) ဦးဖြင့် စတင်ခဲ့သည့် အဖျော်ယမကာနှင့် စားပွဲဝိုင်းငါးဝိုင်းခန့်သာရှိသော စားသောက်ဆိုင်ငယ်လေးမှ မြစ်ဖျားခံအစပျိုးခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုယ်တိုင်ကိုယ်ကျစီမံခဲ့ရသည့် အတွေ့အကြုံများမှတစ်ဆင့် အခြေအနေအလိုက်လျင်မြန်စွာအလိုက်သင့်ပြောင်းလဲနိုင်စွမ်းနှင့် အခွင့်အလမ်းသစ်များကို အစဉ်အမြဲရှာဖွေဖော်ထုတ်နိုင်ခြင်း၏ အရေးပါမှုကို သဘောပေါက်နားလည်လာခဲ့ပါသည်။
လက်ရှိ သူ၏မျှော်မှန်းချက်
သက်ကယ်မိုးဆိုင်ငယ်လေးမှသည် အောင်မြင်သောလက်ဖက်ရည်ဆိုင်များအဖြစ် တိုးချဲ့နိုင်ခဲ့သည့်အတွေ့အကြုံများကို အခြေခံ၍ ဦးဇော်မျိုးအောင်သည် ယခုအခါ Strategic Innovation နှင့် စီးပွားရေးနယ်ပယ်သစ်များတိုးချဲ့ရေးကို ဦးဆောင်လျက်ရှိသည်။
ခေတ်မီစားသုံးသူများ၏ လိုအပ်ချက်များနှင့်အညီ Shwe Mandalay ကို တိုးချဲ့ဖွံ့ဖြိုးစေသည့်အပြင် အမှတ်တံဆိပ်၏ မူလတန်ဖိုးဖြစ်သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် အစဉ်အလာကောင်းများကိုပါ တစ်ပြိုင်နက်တည်း အဓိကထားထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နှင့်အညီအစဉ်အမြဲတီထွင်ဖန်တီးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ
ရည်မှန်းချက်
၁။ ရွှေမန္တလေးမှ ရောင်းချသောအစားသောက်များ အားလုံးသည် အရသာကောင်းမွန်၍ သန့်ရှင်းလတ်ဆက်အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းစင်ရမည်။
၂။ အစားအသောက်အားလုံးသည် စားသုံးသူတို့၏ လိုအပ်ချက်များအပေါ်တွင် မူတည်၍ မြန်မာ့ရိုးရာဓလေ့အား ထိန်းသိမ်းလျှက် ခေတ်နှင့်အညီ အစဉ်အမြဲတီထွင်ဖန်တီးမှုရှိနေရမည်။
၃။ မိမိလုပ်ငန်းနှင့် မြန်မာဂုဏ်အား တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်ရမည်။
၄။ မိမိလုပ်ငန်းကို လုပ်ငန်းတူများမှ စံနမူနာအဖြစ်ယူထိုက်သည့်လုပ်ငန်းဖြစ်ရမည်။
မိမိလုပ်ငန်းအား တစ်နိုင်ငံလုံးအတိုင်းအတာရှိ Customer များမှ အမြဲလိုလားတောင့်တနေရ၍ သန့်ရှင်းလတ်ဆတ် ကျန်းမာရေးနှင့် ညီညွှတ်သော ပထမတန်းစာမြန်မာ့စားသောက်ကုန်လုပ်ငန်း အဖြစ်ရပ်တည်နိုင်ရမည်။
သဋိဌာန်
ကျွန်ုပ်တို့သည် စားသုံးသူများအပေါ်တွင် “ကျေးဇူးရှင်များ” ဟု ခံယူထားသည်။
ကျွန်ုပ်တို့သည် မိမိပတ်ဝန်းကျင်မှ လူနေမှုဘဝများအား တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ရမည်။
ကျွန်ုပ်တို့သည် ကိုယ်ချင်းစာတရားအပြည့်နှင့် အလုပ်လုပ်သောအဖွဲ့အစည်းတစ်ခုဖြစ်ရမည်။
အဓိကတန်ဖိုးများ
စိတထားကောင်းရှိရမည်၊ အပြန်အလှန်လေးစားမှုရှိရမည်၊ စဉ်ဆက်မပြတ်လေ့လာသင်ကြားလိုစိတ် အမြဲရှိရမည် နှင့် စည်းလုံး ညီညွှတ်မှုရှိရမည်။






